---------------------------------
အကြောင်းပြချက် ရှင်းပြပြီး ပြန်လည်ဖွင့်ခွင့်တောင်းရန် Spam Info Bot ကို သုံးပြီး တောင်းဆိုဖို့ လိုအပ်ပါတယ်။
ဒီ Bot ကို Telegram app အတွင်းမှာပဲ သုံးနိုင်ပြီး၊ အကြောင်းအရင်းကတော့ Telegram ရဲ့ Spam Policy (သို့) Terms of Service ချိုးဖောက်တာမျိုး ဖြစ်နိုင်ပါတယ်။
Profile မှာ “Deleted Account” ဆိုတဲ့စာနဲ့အတူ နှင်းမှုန့်ပုံစံ (❄️) ပေါ်နေတတ်ပါတယ်။
Bot ကို စာပို့ပြီးနောက်မှာ Bot က မေးလာတဲ့ မေးခွန်းတွေကို သုံးသပ်ပြီး တိတိကျကျ ဖြေဆိုသင့်ပါတယ်။
🔹 Telegram Account “Frozen” ဖြစ်ရခြင်း အကြောင်းများ
1. သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများ – မမှန်မကန် login လုပ်ခြင်း၊ Channels သို့ Groups တွေကို အလွန်အများအပြား အဖြစ် join လုပ်ခြင်း စသဖြင့်.....
2. Spam / Bot လိုအပြုအမူများ – မသိသူများထံ များစွာ စာပို့ခြင်း၊ report ခံရခြင်း...
3. မမှန်သော Third-party Apps သုံးခြင်း – Official App Store မဟုတ်သော Telegram bots သို့မဟုတ် apps များ အသုံးပြုခြင်း...
4. Hack လုပ်ခြင်း – Security system က သံသယရှိရင်လည်း freeze လုပ်တတ်ပါတယ်..
🔹 Account Freeze ကို Appeals တင်နည်း
1. Spam Info Bot နဲ့ စတင်ပြောပါ
Telegram app ထဲက Spam Info Bot ကို ရှာပြီး /start command ပေးပါ။
2. တိတိကျကျဖြေပါ
Bot က မေးလာတဲ့ မေးခွန်းတွေကို တိကျမှန်ကန်အောင် ဖြေပါ။
3. အထောက်အထားပေးပါ
သင့်ဖုန်းနံပါတ် (နိုင်ငံကုဒ်ပါဝင်အောင်) နဲ့ Error Message တွေရှိရင်လည်း ထည့်ပေးပါ။
4. တောင်းဆိုမှုတင်ပြပါ
Bot ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပြီး Appeal ပြုလုပ်ပါ။
🔹 Appeal ပြီးနောက် လုပ်ဆောင်ရန်အချက်များ
Telegram မှ ပြန်စာ စောင့်ပါ။
အဲ့နံပါတ်နဲ့ အကောင့်အသစ် မဖွင့်ပါနဲ့။
စိတ်ရှည်ပါ။
Telegram ရဲ့ သုံးသပ်မှုက တချို့အချိန်ကြာနိုင်ပါတယ်။
🔹 နောက်ထပ် Freeze မဖြစ်အောင် ကာကွယ်နည်းများ
1. Two-Factor Authentication (2FA) ဖွင့်ပါ။ အကောင့်ကို လုံခြုံစေပါတယ်။
2. App ကို အမြဲ Update လုပ်ထားပါ။
3. အပြစ်ရှိနိုင်တဲ့ Apps/Bots မသုံးပါနဲ့ Telegram ရဲ့ သက်ဆိုင်ရာ App များသာ အသုံးပြုပါ။
4. Active Sessions များ စစ်ပါ – မသိသည့် Devices/Logins တွေကို ဖျက်ပါ။
အဆင်ပြေကြပါစေ
မိုးထက်ယံ_နည်းပညာ

