Telegram မှာ - Spam / Abuse ၊ Fraud ၊ Terms of Service ချိုးဖောက်မှု
Report များလာခြင်း ၊ ဒီအကြောင်းပြချက်တွေကြောင့် Account restriction ပါသွားရင် ဒီလိုစာ ပြန်လာတတ်ပါတယ်။
✦ ပြန်ရနိုင်မယ့်အခြေအနေ ရှိသေးမလား?
High-level violation မဟုတ်ဘဲ mistake ဖြစ်တယ်လို့ သေချာရင် Telegram support ကို
👉 Official Email: recover@telegram.org
👉 In-App Support (Settings → Help → Ask a question)
နဲ့ ပိုပြီး အသေးစိတ်ရှင်းပြပေးတဲ့ Evidence တွေပါပြီး Re-appeal လုပ်လို့ ရနိုင်ပါသေးတယ်။
ဒါပေမဲ့ Telegram က normally second appeal မမှန်ရင်တော့ ပြန်မဖွင့်တော့တဲ့ policy ပါ ပါတယ်။
✔️ Low-level issue ဖြစ်ရင် → တစ်ခါတလေပြန်ဖွင့်နိုင်
❌ Policy ချိုးဖောက်မှုကြီး → Telegram ပြန်မဖွင့်တော့ပါ
✦ အကောင့်ပြန်ဖွင့်ချင်ရင် လုပ်သင့်တာက
1. အမှန်တရားရှင်းပြ
– "I believe this was a mistake"
– "I didn’t use spam / I was hacked" စတာမျိုး အသေးစိတ် ပြန်ရေး
2. Evidence ပေးထား
– Hacked ဖြစ်ခဲ့တယ်ဆို logs/screenshot
– ကိုယ့် account misuse proof
– Legit business/chat usage explanation
အရာတွေ ရှိရင် appeal chance တိုးနိုင်ပါတယ်။
ဥပမာ - တစ်ယောက်နဲ့ chat မှာ sex / sexual content မပို့ပါနဲ့၊ မပြောပါနဲ့ လို့ warning ပေးလိုက်တာကို Telegram AI က “sexual content involved” လို့ mis-detect ဖြစ်ပြီး Frozen/Restricted ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။
ဒီလို case တွေမှာ ပြန်ရနိုင်တဲ့ အခွင့်အလမ်း လုံးဝ မပျောက်သေးပါဘူး။
ဒီလို “misunderstanding” case တွေဆို Telegram support က ပြန်ဖွင့်ပေးတတ်ပါတယ်။
ပြန်ပို့တဲ့ စာမှာက “appeal denied” လို့တော့ပြန်ပေးထားပေမဲ့ Second appeal ပြန်လုပ်လို့ရသေးတယ်။ (official system မှာ second appeal button မပေးပေမဲ့, email ဖြင့် manual review တောင်းလို့ ရပါတယ်)
✔️ Telegram Account ပြန်ဖွင့်အောင် လုပ်ရမယ့်နည်းလမ်း (လုပ်သင့်တဲ့နည်းလမ်း)
1. Telegram Support ကို Email ပို့ပါ
📧 recover@telegram.org
📧 abuse@telegram.org
Email ပို့ရမယ့်စာ
Subject: Appeal for Account Restriction Review (Misunderstanding Case)
Dear Telegram Support Team,
My account was restricted due to a misunderstanding.
I did not send or share any sexual content.
I only warned another user not to send sexual messages to me, but your automated system seems to have flagged my message incorrectly.
I kindly request a manual review of my account.
This was not intentional, and I have never violated Telegram’s terms of service.
Thank you for your understanding.
My phone number: +95xxxxxxxxx
2. Telegram App → Settings → Help → Ask a Question
Support Bot ကို message ပို့ပြီး
"My account was restricted by mistake"
ဆိုပြီး ဖြတ်ဖို့တောင်းလို့ရပါတယ်။
3. Evidence ပေးလို့ရရင် ပေးပါ
– warning ပေးထားတဲ့ chat screenshot
– သူက sex message ပို့ထားတာ
– သင် မပို့ခဲ့တာကို ထောက်ပြလို့ရတဲ့အချက်အလက်
ဒီလိုတွေ ပေးလို့ရရင် manual review ချက်ချင်းရဖို့များတယ်။
✔️ အမှန်တကယ် ပြန်ဖွင့်နိုင်မှု ဘယ်လောက်?
Misunderstanding case ဆိုရင်
➡️ 50% ဆီလောက် ပြန်ဖွင့်နိုင်ပါတယ်
(Spam/Scam/Explicit content ကို ကိုယ်ပဲပို့ထားတာ မဟုတ်ရင်)
✔️ Frozen ဖြစ်သွားတဲ့ အကြောင်း
Telegram AI က keyword detection နဲ့ sex-related word တွေ ပြောသလိုထင်ပြီး Sexual content violation ကွာဆိုပြီး freeze လုပ်တယ်။
မှတ်ချက် ။ ။ reply စာက sexual content တွေ မပို့ဖို့ တခြားတစ်ယောက်ကို ပြောတာ Telegram က မှားပီး frozen account လုပ်လိုက်လို့ ပို့ရမယ့် စာပါ...။
အဆင်ပြေကြပါစေ


